Friday, September 24, 2010

ရင်မှာအမြဲတမ်း မင်း ရှိတယ်

မင်းကြောင့် အစိတ်အစိတ်အမွာမွာကွဲခဲ့ရတဲ့ငါ့အသဲ
နောက်ထပ်တစ်ခါကွဲလည်း ကွဲပါစေတော့
မင်း စကားနားထောင်လိုက်ပါ့မယ်..
မင်းကိုသိပ်ချစ်မိတဲ့ င့ါအသဲ…
ဒဏ်ရာထပ်ရမယ်ဆိုလည်း အဆန်းမဟုတ်တော့ပါဘူး…
တစ်နေ့နေ့တစ်ချိန်ချိန်မှာ..ငါ မင်းမဟုတ်တဲ့
တစ်ခြားတစ်ယောက်ကို ရွေးချယ်ခဲ့ရမယ်ဆိုရင်
ဘယ်တော့မှ မင်းမမေ့ပါနဲ့ချစ်သူ..ငါဟာ
မင်းတစ်ယောက်တည်းကိုဘဲ စွဲစွဲလမ်းလမ်းချစ်ခဲ့ဘူးတဲ့သူတစ်ယောက်ဆိုတာ
မင်းဘယ်တော့မှ မမေ့ပစ်လိုက်ပါနဲ့…
ဘာဖြစ်ဖြစ် ငါ့ရင်ထဲမှာတစ်သက်လုံး မင်းအမြဲရှိပါတယ်….။

Nang Hom Thiri

No comments:

Post a Comment