Thursday, September 23, 2010

..မင်းအနားမှာ...

မင်းအနားမှာရှိနေရင်...

ပန်းတွေလည်း ပွင့်နေတယ်

မိုးရွာဖို့မလိုအောင် မြတ်ခင်းပြင်လေးတွေ

ပန်းပွင့်လေးတွေက စိမ်းလန်းစွာဖူးပွင့်နေကျတယ်

မင်းသာအနားမှာရှိနေရင်....

ငါ့အတွက်အမြင့်ဆုံးကိုပြန်သန်းနိုင်ဖို့

အတောင်ပံတွေလည်း မလိုပါဘူး

ငါ့စိတ်ဝိညာဉ်တွေက

အမြင့်ဆုံးရောက်အောင် ပြန်သန်းနိုင်ပါတယ်

မင်းသားအနားမှာရှိမယ်ဆိုရင်....

ငါ့ရဲ့နိုးထလာမဲ့ မနက်ခင်းတွေကလည်း

နှင်းရည်လေးတွေ စိုစွတ်နေစရာမလိုပါဘူး

အလိုလိုစိမ်းလန်းနေပါတယ်

မင်းသာအနားမှာရှိမယ်ဆိုရင်

နွေနေပူလို..နေမင်းကြီးကတောက်လောက်နေလည်း

မင်းရှိနေလို့

ငါ့အတွက် ပူလောင်တယ်မထင်ပါဘူး

မင်းသာအနားမှာရှိမယ်ဆိုရင်....

ကောင်းကင်မှာ....လမင်းနဲ့ ကြယ်စင်လေးတွေမရှိတောင်

င့ါညတွေက...တောက်ပလို့နေပါတယ်

င့ါအတွက်...မင်းသာအနားမှာထာဝရရှိနေမယ်ဆိုရင်

ဘာဆို..ဘာမှမလိုအပ်တော့တာပါ

ငါ့ရင်ထဲက အချစ်တွေမင်းသိပါစေ

ချစ်သူ....။

No comments:

Post a Comment