Saturday, March 19, 2011

….လွမ်းတဲ့အခါ…..



သူ့ ကိုလွမ်းတဲ့အခါ

ဒဏ်ရာတွေနဲ့ ကျွှန်မရဲ့

ဘယ်ဘက်ရင်အုံ နှလုံးသားလေးက

တစ်စစ်စစ်နာကျင်ရတယ်…..။

သူ့ ကိုလွမ်းတဲ့အခါ

ဘာမှန်းမသိဘဲ အရှုးတစ်ယောက်လို

မျက်စိစုံမှိတ် လူတွေကြားထဲလမ်းလျှောက်ဘူးတယ်……။

သူ့ ကိုလွမ်းတဲ့အခါ

ဟိုး..အဝေးကြီးကထိုင်ခုံတန်းလေးတွေမှာ

တစ်ယောက်တည်းငေးကြောင်ကြောင်

အဓိပါယ်မဲ့စွာ ထိုင်နေဘူးတယ်…..။

သူ့ ကိုလွမ်းတဲ့အခါ

လူမသိသူမသိ တစ်ယောက်တည်း

အိမ်ယာထက်မှာ အသံမထွက်အောင်

တိတ်တိတ်လေး ကြိတ်ငိုဘူးတယ်……။

သူ့ ကိုလွမ်းတဲ့အခါ

ဒီအလွမ်းတွေအတွက်ခံနိုင်ရည်မရှိတော့လို့

အဝေးဆုံးကိုပြေးထွက်သွားချင်မိတယ်

ဒါပေမဲ့လေ….

ကျွှန်မ အရမ်းချစ်ရတဲ့သူမို့

အလွမ်းတွေကြောင့် ကျွှန်မ နှလုံးသား

ရပ်တန့်သွားမှာကို မစိုးရိမ်ပေမဲ့

ကျွှန်မ အလွမ်းတွေကြောင့်

သူ့ဘ၀ နာကျင်ခံစားနေရမှာကိုပဲစိုးပါတယ်…….။


Nang Hom Thiri   18/3/2011 ( 1:36 am )

Wednesday, March 16, 2011

ခွဲခွာချိန်

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်…
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး…။
သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ… တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ…ဖြစ်…လို့…ခွဲ…ရ…မှာ…လဲ…ကွယ်”
မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘဝကို… ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်…။
အခုတော့…။
နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း…သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။
မင်းခိုက်စိုးစန်

လွမ်းလို့ သေသွားတဲ့ သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရ…နဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ…လိုက်…တာ… …
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ…) သူမရဲ့ အပြုံးကို မြင်ရဘို့
နောက်ကျခဲ့ပြန်ရော…။
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်…။
ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘဝကူး မကောင်းနိုင်တဲ့အထိတောင်…
အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ…အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ…
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ…” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်…။
မင်းခိုက်စိုးစန်

ချာတိတ်လေး တစ်ယောက် အကြောင်း

၁)
ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့၊
နစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။
(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် … အိမ်ကို ဘယ်လို ပြန်ရမှာလဲ ?
(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
    … ကျွန်တော်ပေါ့။
အခုတော့ …
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
    ထိုးထည့်ထားလိုက်ချင်တော့တယ်
(၄)
အလွမ်းကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။
(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊
    မမြင်ဖူးတဲ့ လူ အတွက်တော့
    “မူး” ကိုလည်း “မြစ်” လို့ ထင်ခွင့်ရှိတယ် မဟုတ်လား။

မင်းခိုက်စိုးစံ - Jun 2004