ငါမကောင်းခဲ့တာ မဟုတ်ဘူး ၊ နင့်ရင်ထဲမှာ သူရှိ နေခဲ့လို့ နင်င့ါကို အကောင်းမမြင်နိုင်ခဲ့တာပါ။
Saturday, March 5, 2011
ရင်တွင်းစကား

မျက်ဝန်းရေ....မငိုနဲ့တော့
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။
မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး။
နေ့တွေ တရွေ့ရွေ့ဖြတ်ခဲ့တာ
ခုဆို နှစ်တွေကူးလာပြီ။
အသည်းနာတယ်...
ရင်ကွဲပတ်လက်
ကြေကွဲရက်တွေ
တစ်စစနဲ့ လောင်မြိုက်တဲ့ရင်...
နာကျင်ပါစေတော့လေ။
ရှုံးပြီးရင်းရှုံး
အမုန်းနိဂုံးနဲ့
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီနော်။
မေ့ပစ်ဖို့
ဒီရင်ကို ဘယ်လိုအမိန့်မျိုး
ပေးရပါ့မလဲ။
အိပ်မက်တော့ မဟုတ်ခဲ့ပါဘူးလေ။
နိုးလာတော့
ငါ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။
ငါ့ဒဏ်ရာက မင်းထက်ပိုပါတယ်။
Mypoembag
Friday, March 4, 2011
Tuesday, March 1, 2011
အဝေးတော့မဲ့အနာဂတ်

မျှော်လင့်ချက်တွေသာ
အတောင်တပ်ပေးလို့ရရင်
လှပတဲ့အနာဂတ်ဆီကို
ချစ်သူနဲ့အတူပျံသန်းမယ်....။
ပတ်ဝန်းကျင်က
ဘယ်လောက်ပဲမုန်တိုင်းထန်နေပါစေ
သံသယတွေအောက်မှာ
နားလည်မှုမပျောက်ဖို့
ယုံကြည်ခြင်းနဲ့သစ္စာတရားကိုပဲ
မြဲမြဲဆုတ်ကိုင်ထားပေးပါချစ်သူ....။
မဝေးတော့မယ့်အချိန်ကိုမျှော်လင့်ရင်း
ပြောင်းလဲမှုမရှိတဲ့မေတ္တာတရားကို
အတူတူတည်ဆောက်မယ်
သက္ကရာဇ်တွေဟောင်းနွမ်းသွားပါစေ
ဘာအကြောင်းကြောင့်မှ မခွဲဘူး...။။။။
Nang Hom Thiri
အတောင်တပ်ပေးလို့ရရင်
လှပတဲ့အနာဂတ်ဆီကို
ချစ်သူနဲ့အတူပျံသန်းမယ်....။
ပတ်ဝန်းကျင်က
ဘယ်လောက်ပဲမုန်တိုင်းထန်နေပါစေ
သံသယတွေအောက်မှာ
နားလည်မှုမပျောက်ဖို့
ယုံကြည်ခြင်းနဲ့သစ္စာတရားကိုပဲ
မြဲမြဲဆုတ်ကိုင်ထားပေးပါချစ်သူ....။
မဝေးတော့မယ့်အချိန်ကိုမျှော်လင့်ရင်း
ပြောင်းလဲမှုမရှိတဲ့မေတ္တာတရားကို
အတူတူတည်ဆောက်မယ်
သက္ကရာဇ်တွေဟောင်းနွမ်းသွားပါစေ
ဘာအကြောင်းကြောင့်မှ မခွဲဘူး...။။။။
Nang Hom Thiri
..တို့နှစ်ယောက်ပြန်ဆုံချိန်...

နှလုံးသားချင်တော့ထာဝရနီးနေပါ၇စေ….
တစ်စိမ်းတွေရဲ့အလည်
တစ်ယောက်တည်းအားငယ်နေပေမဲ့လည်း
ဘ၀အတွက်ဆိုတဲ့အသိနဲ့ ကြိုးစားရင်း
ယုံကြည်ချက် ရည်မှန်းချက်တွေ ပြည့်စုံပါရစေ…..။
ရက်စက်လှတဲ့ကံကြမ္မာရေ…
ဘယ်တော့များမှချစ်သူနှစ်ဦးကို
ဆုံဆည်းခွင့်ပေးမှာလည်းမေးပါရစေ…။
တစ်နေ့ဒို့တစ်ယောက်ပြန်ဆုံတဲ့အခါ
နားလည်မူ့တွေ သစ္စာတရားတွေနဲ့
ထုံမွန်းထားတဲ့မိသားစုဘ၀လေးတစ်ခုကို
တည်ဆောက်ကြရအောင်နော်…….။
Nang Hom Thiri ( 27/2/2011 )
Monday, February 28, 2011
Subscribe to:
Posts (Atom)