Saturday, October 16, 2010

အလွမ်းလူ..

မင်းကိုလွမ်းတိုင်းင့ါအလွမ်းတွေပြေအောင်
ကဗျာတွေရေးနေရပေမဲ့
ငါ့အလွမ်းတွေပြေပြောက်လိမ်းမယ်လို့များမင်းထင်နေမလား..
တစ်ကယ်တော့ငါ့အတွက်ကဗျာဆိုတာ
မင်းကိုလွမ်းတဲ့အလွမ်းတွေကို
ဖတ်လို့ကောင်းအောင်ရေးချယုံသက်သက်ပါ။
မင်းအတွက်ငါ ပထမလူမဖြစ်နိုင်တော့ပေမဲ့
ဒုတိယလူအဖြစ်နဲ့ မင်း အနားကို
ကျေကျေနပ်နပ်ငါပြန်လာခဲ့တာပါ
ဒါကိုတောင်မင်းက ရက်စက်ရက်တယ်နော်
ငါသာတန်ခိုးရှိရင်လေ မင်းရှိရာအရပ်
ပြေးလို့သာလာပြီး မင်းရင်ခွင်နွေး
ခိုဝင်မှေးစပ်ချင်ခဲ့သူပါ…
အခုတော့….
လပြည့်ညမှာကြယ်တွေကိုကြည့်ရင်း
မင်းရှိရာအရပ်ကိုမှန်းဆတမ်းတလွမ်းနေရလွန်းလို့
ငါ့ကိုကြယ်လေးတွေကတောင်ပြောနေပြီ
“  မင်းကလွမ်းဖို့သက်သက်လူဖြစ်ခဲ့တာတဲ့လေ …”

Nang Hom Thiri
( 14/10/2010 )