ငါမကောင်းခဲ့တာ မဟုတ်ဘူး ၊ နင့်ရင်ထဲမှာ သူရှိ နေခဲ့လို့ နင်င့ါကို အကောင်းမမြင်နိုင်ခဲ့တာပါ။
Saturday, October 9, 2010
Friday, October 8, 2010
စောင့်စားဝိညာဉ်
မျက်ကွယ်မှာ
မင်းငါ့ကိုပျက်ရယ်မပြုပါနဲ့
မင်းကိုချစ်မိနေတာ...
ငါတစုံတခုအမှားလုပ်နေမိလို့လား..
ငါ့ရင်ခွင်တခုလုံးဟာမှားယွင်းနေပြီလား..
မင်းကိုချစ်မိတဲ့အချစ်အတွက်....
နောင်တမရချင်ပါဘူး
ခုတော့မင်းကဘာမှမပြောပဲငါ့ကိုချန်ထားရစ်ခဲ့တယ်...
တခုခုတော့ပြန်လှည့်ပြီးပြောသင့်ပါတယ်..
တကယ်ဆိုရင်
ငါတို့နှစ်ယောက်ကမဆုံနိုင်တဲ့လမ်းတွေကိုမှရွေးမိကြတာလား..
မင်းဘက်ကတုံပြန်မှုတွေကိုမျှော်လင့်နေဆဲပါ...
မင်းအတွက်က
ငါဟာအဆိပ်သင့်နေတဲ့ရင်ခွင်ပိုင်ရှင်လား...
အပိုင်းပိုင်းအစစနဲ့ပြန်ဆက်မရတဲ့
ငါ့အသည်းက
အခန်းကျဉ်းလေးထဲမွစာကျဲနေတယ်...
အမှတ်မရှိတဲ့အသဲကွဲချင်ကွဲဟဲ့လို့...
ငါကိုယ်ငါမပြောချင်ပါဘူး....
မင်းနှလုံးသားဆီက...
ငါ့အတွက်အဖြေဆိုတာ....
ဘယ်တော့မှချစ်လို့မရနိုင်ဘူးဆိုတဲ့
အဖြေတခုပဲရှိခဲ့တာလား...
ပြောင်းလဲခြင်းများမရှိနိုင်တော့ဘူးလား...
မဝေးနိုင်တဲ့ ..
ငါ့နှလုံးသားရဲ့ဆန္ဒတစ်ခုတည်းကြောင့်
သီအိုရီတွေပြောင်းလဲလာသလို
မင်းဆုံးဖြတ်ချက်တွေပြောင်းလည်းလာမယ့်နေ့အထိ
ငါစောင့်နေပါ့မယ်...
by
Arkar

Thursday, October 7, 2010
အမှတ်မရှိတဲ့အသဲ
အတုအယောက်မင်းရဲ့အချစ်တွေကို
အစစ်ထင်..တစ်နေ့မှာဆုံမယ်င့ါယုံကြည်ချက်
မေတ္တာထပ်..သံယောဇဉ်အမျှဉ်တန်းနဲ့
မျှော်လင့်ချက်တွေထပ်ပြီး
ငါ့အချစ်တွေ ပေးလိုက်မိတယ်…..
မျှော်လင့်ချက်တွေ တစ်ဖြည်းဖြည်း
အညွန့်တက်ခါမှ..နောင်ဘယ်တော့မှထပ်မထွက်အောင်
အမြစ်ကဆွဲနှုတ်ခံလိုက်ရသလို…
ရေလောင်းပေါင်းသင်စနစ်တစ်ကျပြုစုပျိုးထောင်လာရတဲ့
ငါ့ရဲ့စိတ်ကူးအိမ်မက်မျိုးစေ့လေး ခရီးတစ်ဝယ်မရောက်ခင်
ပိုးကိုက်ခံလိုက်ရတယ်။
ဒါတောင်ငါ..မလျှော့သေးပါဘူး
မမြင်နိုင်တဲ့ ဒီသံယောဇဉ်တွေက
ငါ့ကိုဆက်ချစ်ဖို့အတွက်ရှေ့ကိုတစ်လှမ်းတွန်းပို့ခဲ့တယ်
မီးမှန်းသိရဲ့နဲ့ဝင်တိုးခဲ့တဲ့ ပိုးဖလန် လိုမျိုး
နောက်ဆုံးတော့လည်း ….
အမှတ်မရှိတဲ့အသဲ နောက်တစ်ခါထပ်ကွဲအုံးပေါ့….။
Nang Hom Thiri
Nang Hom Thiri
( 7/10/2010 )
Wednesday, October 6, 2010
ကံနိမ့်သူ
![]() |
တစ်ဖြည်းဖြည်းတိုက်စားလို့
အငွေ့တွေပြန်ကုန်ပြီ…
ဒါတောင် ငါ အခုထက်ထိ…..
မရင့်ကျက်သေးတဲ့ ကျွှန်တော့် ရဲ့စိတ်က..
ထားသွားပါပြီဆိုတာတောင်
သူ့ကို အခုချိန်ထိ စွဲလိမ်းရှူးသွပ်နေတုန်းပါဘဲ…..
တစ်ကယ်တန်းကျတော့ အချစ်ဆိုတာ မကောင်းဆိုးဝါးလိုဘဲ
ကံနိမ့်တဲ့သူမှတွေ့ရတာတဲ့..
သူ့ကို စွဲစွဲလမ်းလမ်း ချစ်မိတဲ့ ကျွှန်တော်လည်း
ကံနိမ့်နေတယ်လို့ဆိုရမှာပေါ့….
ကျွှန်တော် တစ်ကယ်ကြီးကံနိမ့်နေခဲ့တာလားမသိတော့ပါဘူး…
အခုထိကို သူ နဲ့ပတ်သက်ရင်ကံမကောင်းသေးဘူး။
Nang Hom Thiri
( 5/10/2010 )
Tuesday, October 5, 2010
ခြားနားတဲ့အချစ်
" တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် နားလည်းပြီးချစ်ကြရမှာ .. နင်နဲ့ငါ အချစ်ပြိုင်းပွဲဝင်နေတာမဟုတ်ဘူး.. ငါတို့ ကချစ်သူတွေလေ.. ပွင့်ပွင့်လင်းလင်း ပြောလို့ရတာဘဲ.. ထားလိုက်ပါတော့ အရင်အချိန်တွေကို…။ ငါသိတဲ့အချစ်က နင်ထင်နေသလို အချစ်ကို အရှုံး အမြတ် မတွက်ဘူး။ မာနတွေ သိက္ခာတွေမထားဘူး။ ငါက အချစ်ဆိုတာ အဆင့်မြင့်တဲ့ နားလည်မှုတစ်ခုလိုထင်ထားတာ။ အဲဒါကြောင့် နင့်အချစ်နဲ့ ငါ့အချစ်က အရင်ထဲက နားလည်ပုံချင်းမတူခဲ့ဘူး။ မတူတဲ့အရာကို ပေါင်းစပ်ချင်တာကို က ငါအမှားပါ။ ငါ ပေါင်စပ်ဖို့ ဘယ်တောမှ မကြိုးစားတော့ဘူး။ အဲဒါငါဆုံးဖြတ်ချက်ဘဲ။ "
ငါ့အတွက် နင့် စကားလုံးတွေကသိပ်ကိုရင့်သီးလွန်းတယ်မထင်မိဘူးလားဟင်။ ငါကစပြီးရင်နဲ့အမျှချစ်ခဲ့ရတာမို့ဒီလိုမျိုးပြောပြီး ငါ့ ရဲ့အချစ်ကို မတူညီဘူးပြော
ချင်တာလား။ ငါ နင့်အတွက်ဘယ်လောက်ခံစားပေး၇မှနင်ကျေနပ်မှာလည်း ..ငါ သိပ်ချစ်တဲ့နင့်ကိုမပိုင်ဆိုင်ရမှာဆိုးတဲ့စိတ်နဲ့အမျိုးမျိုးတွေးမိတာကို မာနာထား
ပြီးမပွင့်လင်းတာတဲ့လားဟာ။ ငါ နဲ့ နင်ချစ်ပုံချင်းမတူဘူးတဲ့လား...နင် ပြောရက်လိုက်တာနော်လို့ ငါ မပြောချင်တော့ပါဘူး။ မိန်းကလေးမို့ နင့် ဘက်ကစပြီး
ငါမပြောရဘဲငါ့အတွက် offline message မပို့ပေးလို့ဝမ်းနည်းတာကို ငါ ကချစ်သူအချင်းချင်းတွက်ကပ်တာတဲ့လားဟာ....
ငါဘာဆက်လုပ်ရမလဲပြောပါ နင့် ကိုမေ့ဖို့ကြိုးစားခဲ့တာဟိုးအရင်ထဲကကြာပါပြီ အခုမှမဟုတ်တာ အခုနောက်တစ်ခါငါ့အသဲမှာ နောက်ထပ်တူညီတဲ့ဒဏ်ရာအ
သစ်တစ်ခုထပ်ရပြန်ပြီ ငါ မှားတာပါ ငါမှားတာပါ ငါချစ်မိတာ ငါ နင့် ကိုတွေ့ချင်လို့ရှာမိတာငါမှားတာပါ မပေးချင်တဲ့အရာကိုအတင်းတောင်းမိတာ ရလာပြန်
တော့လည်း ချစ်တဲ့စိတ်နဲ့စိတ်မချဖြစ်မိတာ ကိုယ့်ဘာသာ နင့် နဲ့ပတ်သက်ရင်အယုံကြည်မရှိတော့တာ ငါ့ကိုခွင့်လွတ်ပါ ...
နင် ဖြစ်စေချင်သလိုငါ မမျှော်လင့်တော့ပါဘူး.. ငါတို့အချစ်တွေကစတွေ့ထဲကပေါင်းစည်းဖို့မဟုတ်တာ သိပြီးသာပါ ဒါကို ငါ...
ဆုတောင်းပါရစေနောက်ဘ၀ဆိုတာငါ့အတွက်ရှိခဲ့ရင် နင် နဲ့ငါအခုလိုတစ်ယောက်နဲ့တစ်ယောက်မဝေးဘဲနင့်ရဲ့နီးနီးလေးမှာနေခွင့်ရပါရစေ.
နင်လည်း ဘယ်ကိုမှတိမ်းဆောင်းမသွားဘဲလမ်းမမှားဘဲ ငါ့ နှလုံးသားထဲကိုတည့်တည့်မတ်မတ်ရောက်အောင်ဝင်လာခဲ့ပါ ငါတို့နောက်ဘ၀တော့ပေါင်းစပ်ခွင့်
ရမှာပါဟာ....နင့်ကိုငါချစ်တယ် ...:(

Sunday, October 3, 2010
အလွမ်း
ဒီတစ်ခါ ငါတို့တစ်ကယ်ဘဲဝေးကြပြီလား
ဘယ်တော့မှ ပြန်မဆုံတော့ဘူးပေါ့..
အဲလိုလား….
ငါ့ ကိုတစ်ကယ်ဘဲထားသွားပြီပေါ့
မုန်းများသွားပြီလား…
ပြောပါ ငါ့ရင်တွေ နာလွန်းလို့ပါ..
ဒီတစ်ခါတော့ ငါ့ဘက်ကမစရဘဲ
အလိုလို မင်း ရဲ့တုန့်ပြန်မူ့တွေရချင်တယ်
မင်းဘက်ကစလို့ ငါ့အတွက်
အလံဖြုထောင်ပြပါလား ကွာ….
မင်း ကိုရင်နင့်အောင်ချစ်ရလွန်းလို့
အခုငါ..တစ်ယောက်တည်း
ရင်နင့်အောင်လွမ်းနေရပြီ…..။
ရင် နင့်အောင်လွမ်း
တစ်ကယ်တမ်းကျတော့ ငါ ကိုယ်တိုင်ကလည်းသတ္တိမရှိခဲ့ပါဘူး။ ငါသတ္တိမရှိတာ နင့်အနားကိုမလာရဲ့တဲ့
သတ္တိတော့မဟုတ်ပါဘူး နင့်မမေ့ရဲတဲ့သတ္တိပါ။ တစ်ကယ်ပါငါ နင် မုန်းမှာကြောက်ပါတယ်ဒါပေမဲ့အခုတော့
ငါတို့တွေလွန်ကုန်ကျပြီထင်တယ်အခုတစ်ကယ်ကို နင် ငါ့ကိုမုန်းသွားပြီထင်ပါတယ်။ ဟုတ်ပါတယ်နင်မုန်း
သွားပြီငါသိတယ် ငါရေးထားတဲ့ကဗျာထဲကလို နင့် အမုန်းသမိုင်းမှာငါ့နာမည်ထိပ်ဆုံးကပါသွားပြီထင်တယ်။
ဘာလို့လည်းဆိုတော့ နင် ပထမဆုံးမုန်းတဲ့သူကငါဖြစ်နေလို့လေ။ နင် လိုအေးအေးဆေးဆေးနေတက်တဲ့
သူတစ်ယောက်မှာအမုန်းဆိုတာရှိမှာမဟုတ်တာငါသိပါတယ်။ ဒါပေမဲ့အခု နင့် အမုန်းတွေငါ့အတွက်ဖြစ်ကုန်
ပြီပေါ့။ ငါမှားတယ်လို့တော့မပြောချင်တော့ပါဘူး ၂ ယောက်လုံးမှားခဲ့တယ်ဆိုရင်ပိုမှန်မယ်ထင်ပါတယ်။
ငါ နင့်ကိုအရမ်းချစ်တာပါသိပ်ကိုချစ်တာပါ ရင်နင့်အောင်ချစ်ခဲ့ရလို့လည်း အခုတော့ ငါ တစ်ယောက်တည်း
နင့် ကို ရင်နင့်အောင် သေလောက်အောင်လွမ်းနေရပြီပေါ့။ ငါများမှားနေပြီလား ပြန်လာပါလားဟာဒီတစ်
ခါတော့ငါမခေါရဘဲ ငါကမစရဘဲင့ါကို နင့် ဘက်ကစပြီးခေါပါလားဟာ ငါ့ကိုတစ်ခေါက်လောက်တော့ပြန်ခေါ
ပါအလျှော့ပေးပါ ငါ့အနားကိုပြန်လာပါဟာ...ငါ အခုတစ်ယောက်တည်း ရင်နင့်အောင်လွမ်းနေတယ်
ငါ သိပ်ချစ်တယ်နင့် ကို.....:(
Nang Hom Thiri
( 2/10/2010 )

Subscribe to:
Posts (Atom)