Tuesday, October 5, 2010

ခြားနားတဲ့အချစ်

 " တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် နားလည်းပြီးချစ်ကြရမှာ .. နင်နဲ့ငါ အချစ်ပြိုင်းပွဲဝင်နေတာမဟုတ်ဘူး.. ငါတို့ ကချစ်သူတွေလေ.. ပွင့်ပွင့်လင်းလင်း ပြောလို့ရတာဘဲ.. ထားလိုက်ပါတော့ အရင်အချိန်တွေကို…။ ငါသိတဲ့အချစ်က နင်ထင်နေသလို အချစ်ကို အရှုံး အမြတ် မတွက်ဘူး။ မာနတွေ သိက္ခာတွေမထားဘူး။ ငါက အချစ်ဆိုတာ အဆင့်မြင့်တဲ့ နားလည်မှုတစ်ခုလိုထင်ထားတာ။ အဲဒါကြောင့် နင့်အချစ်နဲ့ ငါ့အချစ်က အရင်ထဲက နားလည်ပုံချင်းမတူခဲ့ဘူး။ မတူတဲ့အရာကို ပေါင်းစပ်ချင်တာကို က ငါအမှားပါ။ ငါ ပေါင်စပ်ဖို့ ဘယ်တောမှ မကြိုးစားတော့ဘူး။ အဲဒါငါဆုံးဖြတ်ချက်ဘဲ။ "


ငါ့အတွက် နင့် စကားလုံးတွေကသိပ်ကိုရင့်သီးလွန်းတယ်မထင်မိဘူးလားဟင်။ ငါကစပြီးရင်နဲ့အမျှချစ်ခဲ့ရတာမို့ဒီလိုမျိုးပြောပြီး ငါ့ ရဲ့အချစ်ကို မတူညီဘူးပြော
ချင်တာလား။ ငါ နင့်အတွက်ဘယ်လောက်ခံစားပေး၇မှနင်ကျေနပ်မှာလည်း ..ငါ သိပ်ချစ်တဲ့နင့်ကိုမပိုင်ဆိုင်ရမှာဆိုးတဲ့စိတ်နဲ့အမျိုးမျိုးတွေးမိတာကို မာနာထား
ပြီးမပွင့်လင်းတာတဲ့လားဟာ။ ငါ နဲ့ နင်ချစ်ပုံချင်းမတူဘူးတဲ့လား...နင် ပြောရက်လိုက်တာနော်လို့ ငါ မပြောချင်တော့ပါဘူး။ မိန်းကလေးမို့ နင့် ဘက်ကစပြီး
ငါမပြောရဘဲငါ့အတွက် offline message မပို့ပေးလို့ဝမ်းနည်းတာကို ငါ ကချစ်သူအချင်းချင်းတွက်ကပ်တာတဲ့လားဟာ....
ငါဘာဆက်လုပ်ရမလဲပြောပါ နင့် ကိုမေ့ဖို့ကြိုးစားခဲ့တာဟိုးအရင်ထဲကကြာပါပြီ အခုမှမဟုတ်တာ အခုနောက်တစ်ခါငါ့အသဲမှာ နောက်ထပ်တူညီတဲ့ဒဏ်ရာအ
သစ်တစ်ခုထပ်ရပြန်ပြီ ငါ မှားတာပါ ငါမှားတာပါ ငါချစ်မိတာ ငါ နင့် ကိုတွေ့ချင်လို့ရှာမိတာငါမှားတာပါ မပေးချင်တဲ့အရာကိုအတင်းတောင်းမိတာ ရလာပြန်
တော့လည်း ချစ်တဲ့စိတ်နဲ့စိတ်မချဖြစ်မိတာ ကိုယ့်ဘာသာ နင့် နဲ့ပတ်သက်ရင်အယုံကြည်မရှိတော့တာ ငါ့ကိုခွင့်လွတ်ပါ ...

နင် ဖြစ်စေချင်သလိုငါ မမျှော်လင့်တော့ပါဘူး.. ငါတို့အချစ်တွေကစတွေ့ထဲကပေါင်းစည်းဖို့မဟုတ်တာ သိပြီးသာပါ ဒါကို ငါ...
ဆုတောင်းပါရစေနောက်ဘ၀ဆိုတာငါ့အတွက်ရှိခဲ့ရင် နင် နဲ့ငါအခုလိုတစ်ယောက်နဲ့တစ်ယောက်မဝေးဘဲနင့်ရဲ့နီးနီးလေးမှာနေခွင့်ရပါရစေ.
နင်လည်း ဘယ်ကိုမှတိမ်းဆောင်းမသွားဘဲလမ်းမမှားဘဲ ငါ့ နှလုံးသားထဲကိုတည့်တည့်မတ်မတ်ရောက်အောင်ဝင်လာခဲ့ပါ ငါတို့နောက်ဘ၀တော့ပေါင်းစပ်ခွင့်
ရမှာပါဟာ....နင့်ကိုငါချစ်တယ် ...:(

No comments:

Post a Comment