Wednesday, October 20, 2010

မေးခွန်း

 
မြတ်နိုးစွာချစ်ခဲ့မိပါတယ်
ငါ့ရင်မှာဖြစ်တည် အဆုံးမဲ့ချစ်ချင်းကို
မင်းကိုပေးခဲ့မိတာ
ငါ့ရဲ့မှားယွင်းခြင်းပဲလား။
ငါ့ခံစားချက်တွေကိုမသိကျိုးကျွှံပြု
ငါ့ရဲ့အချစ်တွေကို မင်းအရာမသွင်းခဲ့ပေမဲ့
ခွင့်လွတ်ပြီးဆက်ချစ်နေခဲ့မိတာ
ငါ့ရဲ့မှားယွင်းခြင်းဘဲလား။
မင်းရဲ့အေးစက်စက်
အပြုအမူတွေရဲ့အောက်မှာ
ငါကျရှုံးခဲ့ရတာ အကြိမ်ကြိမ်ပါ
မင်းအလိုလိုက် မင်းအကြိုက်ဆောင်
အရာရာခွင့်လွတ်ပြီး
ပေးဆပ်ချင်းသက်သက်နဲ့ ချစ်နေခဲ့ရတာ
နောက်ဆုံးတော့
မင်းငါ့ကို
ကျောခိုင်းသွားဖို့သက်သက်ပဲလား။
မျှော်လင့်ချက်မပါတဲ့ ချစ်ခြင်းတွေနဲ့
ဒီအချိန်ငါမင်းကိုလွမ်းနေတယ်ဆိုတာ
မင်းမသိခဲ့တာ......
မင်းမချစ်ခဲ့တာလား.....။

Nang Hom Thiri