Wednesday, December 1, 2010

အချစ်ရဲ့ရသ

တစ်ကယ်တော့...

ယုံကြည်ခြင်းနဲ့

နားလည်မှုဟာ

တို့နှစ်ယောက်ကြားက

ရေသောက်မြစ်...

ဒီလိုရှင်သန်မှုက

ဘဝမှာ အဖိုးတန်ဆုံးပဲ.. အချစ်ရဲ့..

နင့်ရဲ့ ပျော်ရွှင်မှုကို

ငေးကြည့်ရင်း ပြုံးရတာ

ဘဝရဲ့ အာဟာရ..

ငါ့အတွက်တော့ ချိုမြိန်လွန်းတယ်...

သိရဲ့လား....

ရယူလိုချင်းကင်းကင်းနဲ့..

ငါဟာ..

တကယ်ကို ချစ်သွားခဲ့တယ်..ဆိုတာ ကို..

ဒီည.. ငါ မိုးကောင်းကင်က

ကြယ်တွေဆီ... ပြုံးကြည့်ရင်း..

ချစ်တယ်ဆိုတာကို.. ရွတ်ဆိုမိတော့..

သူတို့က တလက်လက်ဖြာလို့

ကောင်းချီးပေးတယ်..

ဒါပေမယ့်...

နင်မရှိတဲ့ နေ့ည...

ငါ့လေထုမှာ...

အောက်စီဂျင်တွေ ပါးလျ

မျက်ဝန်းမှာ ... မြူတွေဆိုင်း..

သူတို့လည်း အရောင်တွေ မှိုင်းလာရင်း..

ငါ ရင်ထဲ တိတ်တိတ်လေး

ငိုတတ်ပြီ ဆိုတာကို...

တစ်နေ့နေ့တော့..

ငါလေ..

နင်သိအောင် ပြောပြချင်သေးတယ်..။

အလွမ်းပြေ

( ၂၈.၁၁.၂၀၁၀)

ရာသီပြောင်းချိန်

နှင်းရည် တစ်စက်ပြီး တစ်စက်

ခိုက်ခိုက်တုန်နေတဲ့ အိမ်မက်ဟာ ငါပါ။

ဒါပေမယ့်.. မက်မက် မောမော

ဆက်မက်နေချင်သေးတယ်..

ငါ့ကို မနှိုးလိုက်ပါနဲ့..

နှင်းစက်လေးကို ချစ်တယ်။

ဆောင်းခိုငှက်လေးရေ..

ဒီဆောင်းကုန်ရင်

ပြန်ထွက်သွားဦးတော့

နားခဲ့တဲ့အကိုင်းဟာ..

ထားခဲ့တဲ့ အချိန်

လှုပ်ခါ ကျန်နေခဲ့ဦးမှာပဲ..

 သဘာဝတဲ့လား..

ဆောင်းတစ်ချိန် ပြန်လာ ဦးမှာသိနေပေမယ့်..

နွေဦးကို ခပ်တိုးတိုး အပြစ်ဆိုမိတယ်။

ပန်းတို့ရဲ့ ရှင်သန်ခြင်းဆိုတာ...

 နေရောင်ခြည်လည်း

သူလိုသေးတယ် မဟုတ်လား..

ပွင့်လန်းပါစေလေ..

လေပြေသယ်လာမယ့်

ရနံ့နဲ့တင် အပြုံးတွေ

ပန်းခင်းကြီးလောက် ပွင့်တယ်..။

သံယောဇဉ်ဆိုတာ

ရာသီ အိုချိန်မှာတောင်

မပြောင်းခဲ့တဲ့ အရာပေါ့

ကြည်နူးနိုင်ပါစေ..

အဆုံးမဲ့ မျှော်လင့်ခြင်းရဲ့ ..

တစ်ဆောင်း... သစ်ချိန်..

နှစ်ဦးသား.. အပြုံးတွေ ဆုံပါလိမ့်မယ်။

အလွမ်းပြေ

( ၁၈.၁၁.၂၀၁၀)