Friday, October 8, 2010

စောင့်စားဝိညာဉ်

မျက်ကွယ်မှာ
မင်းငါ့ကိုပျက်ရယ်မပြုပါနဲ့
မင်းကိုချစ်မိနေတာ...
ငါတစုံတခုအမှားလုပ်နေမိလို့လား..
ငါ့ရင်ခွင်တခုလုံးဟာမှားယွင်းနေပြီလား..
မင်းကိုချစ်မိတဲ့အချစ်အတွက်....
နောင်တမရချင်ပါဘူး
ခုတော့မင်းကဘာမှမပြောပဲငါ့ကိုချန်ထားရစ်ခဲ့တယ်...
တခုခုတော့ပြန်လှည့်ပြီးပြောသင့်ပါတယ်..
တကယ်ဆိုရင်
ငါတို့နှစ်ယောက်ကမဆုံနိုင်တဲ့လမ်းတွေကိုမှရွေးမိကြတာလား..
မင်းဘက်ကတုံပြန်မှုတွေကိုမျှော်လင့်နေဆဲပါ...
မင်းအတွက်က
ငါဟာအဆိပ်သင့်နေတဲ့ရင်ခွင်ပိုင်ရှင်လား...
အပိုင်းပိုင်းအစစနဲ့ပြန်ဆက်မရတဲ့
ငါ့အသည်းက
အခန်းကျဉ်းလေးထဲမွစာကျဲနေတယ်...
အမှတ်မရှိတဲ့အသဲကွဲချင်ကွဲဟဲ့လို့...
ငါကိုယ်ငါမပြောချင်ပါဘူး....
မင်းနှလုံးသားဆီက...
ငါ့အတွက်အဖြေဆိုတာ....
ဘယ်တော့မှချစ်လို့မရနိုင်ဘူးဆိုတဲ့
အဖြေတခုပဲရှိခဲ့တာလား...
ပြောင်းလဲခြင်းများမရှိနိုင်တော့ဘူးလား...
မဝေးနိုင်တဲ့ ..
ငါ့နှလုံးသားရဲ့ဆန္ဒတစ်ခုတည်းကြောင့်
သီအိုရီတွေပြောင်းလဲလာသလို
မင်းဆုံးဖြတ်ချက်တွေပြောင်းလည်းလာမယ့်နေ့အထိ
ငါစောင့်နေပါ့မယ်...
 by
Arkar

No comments:

Post a Comment