Tuesday, March 1, 2011

အဝေးတော့မဲ့အနာဂတ်



မျှော်လင့်ချက်တွေသာ
အတောင်တပ်ပေးလို့ရရင်
လှပတဲ့အနာဂတ်ဆီကို
ချစ်သူနဲ့အတူပျံသန်းမယ်....။

ပတ်ဝန်းကျင်က
ဘယ်လောက်ပဲမုန်တိုင်းထန်နေပါစေ
သံသယတွေအောက်မှာ
နားလည်မှုမပျောက်ဖို့
ယုံကြည်ခြင်းနဲ့သစ္စာတရားကိုပဲ
မြဲမြဲဆုတ်ကိုင်ထားပေးပါချစ်သူ....။

မဝေးတော့မယ့်အချိန်ကိုမျှော်လင့်ရင်း
ပြောင်းလဲမှုမရှိတဲ့မေတ္တာတရားကို
အတူတူတည်ဆောက်မယ်
သက္ကရာဇ်တွေဟောင်းနွမ်းသွားပါစေ
ဘာအကြောင်းကြောင့်မှ မခွဲဘူး...။။။။


Nang Hom Thiri 

No comments:

Post a Comment