Wednesday, March 16, 2011

လွမ်းလို့ သေသွားတဲ့ သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရ…နဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ…လိုက်…တာ… …
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ…) သူမရဲ့ အပြုံးကို မြင်ရဘို့
နောက်ကျခဲ့ပြန်ရော…။
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်…။
ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘဝကူး မကောင်းနိုင်တဲ့အထိတောင်…
အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ…အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ…
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ…” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်…။
မင်းခိုက်စိုးစန်

No comments:

Post a Comment