Friday, September 24, 2010

..ချစ်သူ...

ချစ်ရတဲ့ချစ်သူ
လွတ်လပ်တဲ့ကောင်းကင်ပြင်မှာ
လမင်းနဲ့ကြယ်လေးတွေပြည့်စုံနေသလို
မင်းရဲ့ဘ၀ကလည်းပြည့်စုံနေပါစေ….

တစ်ကယ်လို့များ
မင်းရင်ထဲမှာနွေနေပူလို
ပူလောင်ပြင်းပြခံစားနေရတယ်ဆိုရင်
ငါ့ကိုသတိရလိုက်ပါ
နင့်ရင်ထဲကသောကဗျာပါတတွေပြေပြောက်ဖို့အတွက်
ရင်ဖွင့်ချင်တယ်ဆိုရင်
ငါဟာနင့်အတွက်ရင်ဖွင့်ဖော်
သူငယ်ချင်းတစ်ယောက်အဖြစ်
နင့်အတွက် ရှိနေပါရစေ…..

တစ်ကယ်လို့များ
နင် တစ်ခြားတစ်ယောက်ကြောင့်
နာကျင်ကြေကွဲ ငိုကြွေးနေရမယ်ဆိုရင်
ငါ့ကိုသတိရလိုက်ပါ….
နင်အမှီပြုဖို့အတွက်ပုခုံးတစ်ဖတ်ငှားပေးမဲ့
သူငယ်ချင်းတစ်ယောက်အဖြစ်
နင့်အတွက်ရှိနေပါရစေ……

ချစ်သူရေ…….
နင်လိုအပ်တဲ့အချိန်တိုင်းမှာ
ငါကနင့်အတွက်အမြဲအစဉ်သင့်ရှိနေမဲ့သူငယ်ချင်းတစ်ယောက်ပါ
နင် မလိုအပ်တဲ့အချိန်တိုင်းငါပျောက်ကွယ်နေမယ်….
ငါ့ကို…သူငယ်ချင်းတစ်ယောက်အဖြစ်
တစ်သက်လုံး နင့်ရင်ထဲမှာမှတ်ထားပေးမယ်ဆိုရင်
ငါအရာအရာပြည့်စုံပါပြီချစ်သူ……။

Nang Hom Thiri
( 23/9/2010 )

No comments:

Post a Comment