Friday, September 24, 2010

..နှုတ်ဆက်လမ်းခွဲ...

င့ါရင်ထဲမှာရှိတာ
မင်း တစ်ယောက်တည်းဆိုတာကို
ယုံကြည်အောင်အသေခံပြီး
ရင်ခွဲပြဆို ပြလိုက်ချင်ပါတယ်
မင်း ယုံကြည်ဖို့အတွက်ကိုပေါ့……

ငါ့ ကိုမင်း…မုန်းလိုက်ပါတော့လို့
ပြောလာရင် ငါ …
ခေါင်းငုံပြီးအရှုံးပေးလိုက်မယ်
ဘာလို့လည်းဆိုတော့
င့ါမှာ မင်းအတွက်..
အမုန်းဆိုတာဘယ်တော့မှမရှိခဲ့လို့ပေါ့……

မင်း တစ်ယောက်
အရင်လိုမဟုတ်တော့ရင်တောင်
င့ါ … အချစ်တွေ
မင်းအပေါမပြောင်းလဲတာ
တစ်ဘ၀မှာ မင်း တစ်ယောက်တည်း
ရည်ရွယ်ခဲ့မိလို့ပေါ့……..

မင်း မချစ်လို့နောက်တစ်ယောက်ပြောင်း
င့ါ ကိုထားသွားမယ်ဆိုရင်
မင်းမရှိတော့တဲ့ င့ါကမ္ဘာ
ဘယ်တော့မှလသာနိုင်မှာမဟုတ်တော့တာ
မင်းယုံမလားချစ်သူ……
ဒါပေမဲ့လေ….
မင်းသာပျော်မယ်ဆိုရင်
ငါ့နှလုံးသားကိုလမ်းခင်း
မင်းနင်းလျှောက်သွားလိုက်ပါချစ်သူ
ဒါ ..မင်းကိုသိပ်ချစ်ခဲ့မိလို့
ရှုံးနိမ့်ခဲ့တာလို့ဘဲမှတ်ယူပါတယ် ချစ်သူ….
မနှုတ်ဆက်တော့ပါဘူး……
နောင်ဘယ်တော့မှ မဆုံတော့မဲ့ နေ့တွေအတွက်ပေါ့…….။

Nang Hom Thiri
  ( 3/9/2010 )

No comments:

Post a Comment