Thursday, September 23, 2010

..အလွမ်းတွေနဲ့ ငါတို့နှစ်ယောက်...

မင်း နဲ့ဆုံတွေ့ခဲ့ရတဲ့....
ဟိုအရင်အချိန်တွေကိုသတိရမိတယ်....
ကံကြမ္မာ ကမင်းနဲ့ဆုံဆည်းခွင့် ကိုပေးခဲ့သလို...
အလွမ်းတွေ..အထီးကျန်မူ့တွေကိုလည်းရင်ဆိုင်စေခဲ့တယ်....
မင်း ကိုတစ်ခါလောက်တော့ပြန်ဆုံတွေ့ချင်ပါတယ်

အရင်ချိန်က
အတူတူ....လျှောက်လည်ဖူးတဲ့နေရာတွေ
အတူတူ....စားခဲ့တဲ့ဆိုင်တွေ
အတူတူ...ပျော်ရွင်ခဲ့တဲ့နေရာတွေ
အတူတူ...စာသင်ခွင့်ရခဲ့တဲ့
ငါတို့ရဲ့ ရတနာပုံ ကျောင်းတော်ကြီးကိုလည်း
တို့အတူတူနောက်ဆုံးတစ်ခေါက်တော့
သွားချင်သေးတယ်...သူငယ်ချင်းရယ်

ရေမြေတွေခြားနားနေရတဲ့...ရင်ခုန်သံတွေ.
ငါတို့ရဲ့နှလုံးသားတွေ..ပြန်လည်နီးစပ်နိုင်မလား.....
လွမ်းနေမိတိုင်း...သတိတွေရပါတယ်.....
လွမ်းနေယုံကလွဲလို့ ဘာမှမတက်နိုင်တော့
အချိန်နှင့် အမျှ.....ငါတို့နှစ်ယောက်ခဏလောက်ဖြစ်ဖြစ်
ပြန်ဆုံနိုင်ဖို့..ငါဆုတောင်းနေယုံကလွဲပြီး
ဘာများလုပ်နိုင်အုံးမှာလည်း.....

တစ်ကယ်တော့...
အချစ်ဆိုတာ ချိုမြိန်သလောက်
အလွမ်းကတော့ခါးသီးပါတယ်….
ခါးသီးလွန်းလှတဲ့..အလွမ်းတွေကို
ငါကြောက်နေမိပြီ သူငယ်ချင်းရယ်…
ဘာလို့လည်းဆိုတော့ စတွေ့ထဲက
တစ်ယောက်နဲ့ တစ်ယောက်ရေမြေတွေခြား
အဝေးမှာနေရတဲ့ ငါတို့နှစ်ယောက်ရဲ့
ဆုံးနိုင်ခွင့်မရှိတဲ့….ကံကြမ္မာ ကိုငါတို့နားလည်သင့်ပြီ
ဖြစ်သင့်တာက……
ငါတို့နှစ်ယောက် ထာဝရသူငယ်ချင်းအဖြစ်နဲ့ပါ
ဒါကို တို့နှစ်ယောက်လုံး
အဓိပါယ်ကောက် မှားနေကျနေပြီထင်တယ်…..
အခုတော့တို့နှစ်ယောက်
အလွမ်း နာကျင် မူ့တွေနဲ့ ဆော့ကစားနေမိပြီ…..။

Nang Hom Thiri

No comments:

Post a Comment