Saturday, September 25, 2010

ရင်ထဲက .. အမုန်းသမိုင်း

လူတယောက်ကို
လွယ်လွယ်လေးချစ်တယ်
လွယ်လွယ်လေးဘဲထားခဲ့တယ်....
မင်းပြောခဲ့တဲ့စကားတွေ
ငါ့ရင်နဲ့မဆန့်အောင်ပါဘဲ.....

ဒါမင်းဘက်ကထင်မြင်ချက်ပါ
တစ်ကယ်တော့...
ငါ့.. ရင်ထဲမှာလည်း
မင်း ကိုထားခဲ့မိတဲ့အတွက်
ရင်နဲ့ အမျှခံစားရပါတယ်.....

မင်းမေးတယ်...
ဘာကြောင့်ထားခဲ့တာလဲတဲ့
ငါ့.. ရင်မှာ
စိုးထိတ် .. တိတ်တိတ်လေးနေခဲ့တာ
တကယ်တော့..အဖြေမရှိခဲ့လို့ပါ...

အဖြစ်မှန်မင်းသိသွားတဲ့တနေ့
မင်း ရင်ထဲက..
အမုန်းသမိုင်းမှာ
ငါ့.. နာမည်ထိပ်ဆုံးကမပါချင်လို့
မင်း မသိလိုက်ခင်လေး...
နောက်ဆုတ်ခဲ့လိုက်တာပါ
ချစ်သူ ......။

Nang Hom Thiri
( 20/8/2010 )

No comments:

Post a Comment