Saturday, September 25, 2010

ကြယ်

လတစ်စင်းတည်းနဲ့
ညဟာလုံလောက်တယ်လို့
ထင်နေခဲ့တာပါ..
ဒါပေမယ့်ငါ့ဘ၀ရဲ့ညတွေမှာ...
မင်းဆိုတဲ့ကြယ်လေးရှိမှပြီးပြည့်စုံမှာ....
အမှောင်တွေဝန်းရံနေတဲ့
ငါ့ညတွေမှာ
မင်းအလင်းရောင်လေးနဲ့
ငါအသက်ရှင်ချင်နေလို့ပါ...
မင်းမရှိတဲ့ညတွေ
ငါ့မှာလမ်းပျောက်နေသလို...
စမ်းတ၀ါးဝါးနဲ့...
ခလုပ်ကန်သင်းပေါများတဲ့
လောကအလည်
ယောင်ဝါးဝါးဖြစ်လို့နေခဲ့တာ
ကြာပါပြီ...
ကြယ်တွေကြွေရင်...
ငါ့ရင်ထဲမကောင်းသလို....
မင်းဆိုတဲ့ကြယ်လေးလဲပျောက်ပျက်
သွားမှာငါမလိုလားပါဘူး...
ကျေးဇူးပြုပြီး..
ငါ့အတွက်ထာဝရထွန်းလင်းပေးပါ..
ကြယ်ကလေးရာ...

Nang Hom Thiri
( 18/8/2010 )

No comments:

Post a Comment