Wednesday, November 24, 2010

အလွမ်းဖြေဆေး



မင်းကိုချစ်ခဲ့ရသမျှတွေအတွက်

နာစရာတွေကိုရှာကြံတွေပြီး

လွမ်းစရာကို နာစရာနဲ့ဖြေခဲ့ရပေမဲ့

ငါကိုယ်တိုင် မင်းအပေါဘယ်လိုမှ

မွေးမြုလို့မရတဲ့ မင်းအတွက်

အမုန်း … နာကျည်းမူ့တွေကို

ငါ..ဘယ်မှာလိုက်ရှာရအုံးမှာလည်း..။

တစ်ကယ်ဆို ငါကခံစားမူ့ကို

အလေးမထားတက်တဲ့သူပါ..

အချစ်ဆိုတာကို ပေါ့ပေါ့လေးတွေးခဲ့မိတဲ့ငါ့ကို

မင်း…ချစ်တက်အောင် သင်ပေးတယ်..။

အရာအားလုံးကို အကောင်းဘက်ကတွေးပြီး

ပျော်ပျော်နေတက်တဲ့ င့ါကို…

တစ်ယောက်တည်း ငေးငိုင်ပြီး..

အချိန်တိုင်း မင်းကို လွမ်းနေတက်အောင်သင်ပေးခဲ့တယ်..။

မင်း..င့ါအတွက်တစ်ချက်ကလေးတောင်

မလွမ်းမိဘူးလားချစ်သူ…

ငါ့ရင်ထဲက ဆန္ဒတွေကိုမြုပ်နှံပြီး

မင်းအတွက်ဘဲဖြစ်တည်လာတဲ့ င့ါကို…

သတိရမိ၇င်…. အလွမ်းပြေနိုင်ဖို့

အလွမ်းဖြေဆေးလေး ပေးခဲ့ပါချစ်သူ….။

Nang Hom Thiri
23/11/2010

No comments:

Post a Comment