Tuesday, November 23, 2010

...ဘာကြောင့်လည်းချစ်သူ...

ချစ်ဦးသူမို့ အချစ်တွေအားလုံးပုံပေးခဲ့ပြီးမှ
ဘာကြောင့်…မင်းအမုန်းတွေငါရနေရတာလည်း
ရိုးသားစွာဖွင့်ဟမိပါတယ်…
“ ငါပြန်လာတဲ့အခါနင့်ကိုလာတွေ့မယ်နော်လို့ “
သူလေ ကျွှန်မကိုပြောတယ်
“ အပိုတွေလုပ်မနေပါနဲ့တဲ့ “
အော်..နင်ထင်တာဒါတွေဟာ အပိုတွေတဲ့လား
နင်ပြောတဲ့စကားတွေ ငါ့အတွက်
ရင်မှာခါးသီးလွန်းပါတယ်….
နင့်ကိုလွမ်းလို့တွေ့ချင်မိခဲ့တာ အပိုတွေတဲ့လား
င့ါရဲ့မျှော်လင့်ချက်တွေအားလုံး ပုံပေးပြီးတော့မှ
ဘာကြောင့်မင်းရက်ရက်စက်စက်ရိုက်ချိုးပစ်တာလည်း
ရှင်းပြပါအုံးချစ်သူ…
နင့်အတွက်စတွေ့ထဲကခံစားမိတဲ့ငါ့ရဲ့
အချစ် အမုန်း အရာအားလုံးကို
နင့်အတွက်အပိုတွေလို့ပြောပြီး
ဘာကြောင့်များင့ါ ရဲ့အချစ်ကို မင်း…
ပျက်ရယ်ပြုရက်တာလည်း
စကားလေးတစ်ခွန်းလောက်နဲ့တော့
ရှင်းပြခဲ့ပါချစ်သူရယ်…..။

Nang Hom Thiri
14/11/2010



No comments:

Post a Comment