ချစ်ရတဲ့ချစ်သူ…….
နင်ထားရက်လို့ င့ါကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ
ထားသွားခဲ့၇က်ပေမဲ့ ငါကတော့
ရင်ထဲမှာနာကျင်ကြေကွဲနေအောင်
ခံစားရနေရပေမဲ့ မင်းထားရက်မှတော့
ငါ မထားချင်တော့ပါဘူး..ငါနေခဲ့ပါ့မယ်။
နင်မေ့နေနိုင်ပေမဲ့..အတိတ်ဆိုတဲ့အရာနဲ့
နင့်ကိုမမေ့နိုင်ရက်သူမို့
တစ်ခါတစ်လေမှာတော့..နင့်ကိုတမ်းတခွင့်လေးတော့ပေးပါ။
နင်မနှစ်သက်လို့ထားသွားတာဘဲ
သဘာဝကျပါတယ်…
သမီးရည်းစားသဘာဝ ချစ် မုန်း ကွဲ ဆိုတာသမာရိုးကျပေမဲ့
ငါ့အတွက်တော့ရင်နဲ့အမျှချစ်ခဲ့ရတော့
ရင်နဲ့မဆန့်အောင်ခံစားရပါတယ်။
မင်းအလိုကျနေခဲ့ပြီးသားမို့
ငါတွယ်ကပ်မနေပါဘူး…
ဘယ်သူမဆိုလွတ်လပ်စွာပြန်သန်းခွင့်ရှိတဲ့
ဒီကျယ်ပြန့်တဲ့မိုးကောင်းကင်ကြီးမှာ
မင်းတစ်ယောက်အနှောင်အဖွဲ့ကင်းလွတ်စွာ
လွတ်လွတ်လက်လက်ပြန်သန်းလိုက်ပါ
ငါ…မတားပါဘူး
ငါ..မမုန်းပါဘူး
ငါ..ရင်မနာပါဘူး
မင်းသာပျော်မယ်ဆိုရင်ဖြင့်
ငါ ငိုငို လွမ်းလွမ်း ရင်တွေဘဲကွဲပါစေ
မင်းအတွက်ငါဟာ အနှောင်အဖွဲ့တစ်ခုမဖြစ်ချင်ပါဘူး။
မင်းလိုရာသွားပါ ပျော်ရာမှာနေပါ
နောက်တစ်ယောက်နဲ့လည်းပျော်ရွင်စွာသွားလာပါ
သူ့အကြောင့်မင်း ….
စိတ်ညစ်စရာတွေကြုံလာခဲ့တဲ့အခါ
အရင်ချိန်တုန်းက နင် နဲ့ ငါ ပျော်ရွင်ကြည်နှူးခဲ့ရတဲ့
အချိန်လေးတွေကိုသတိရလိုက်ပါ
အဲလောက်လေးမင်းအတွက်ငါ
အသုံးတည့်ခဲ့မယ်ဆိုရင်ပဲ..ငါကျေနပ်နေမှာပါ…..။
Nang Hom Thiri
No comments:
Post a Comment