Saturday, November 6, 2010

အချစ်ပေတံ

ငါတို့တွေရဲ့ကံကြမ္မာကိုကအစထဲကပါလာပြီးသားပါဆုံနိုင်ဖို့မရှိဘူးဆိုတာ။ ငါကလက်မခံချင်တာဒါကလည်း
နင့်ကိုသိပ်ချစ်လို့ဆိုတာကိုနင်နားလည်ပေးပါ။ နင့်ကိုအရမ်းချစ်တာပါပြောမပြတက်လောက်အောင်ချစ်ခဲ့ဘူး
တာပါ။ငါ့ဘ၀မှာအချစ်ဆိုတာကိုသိပ်တော့နားမလည်ဘူးဘာလို့လည်းဆိုတော့ငါ့ဘ၀အချစ်ဆိုတာကိုစတွေ့
ခဲ့ရတာဝမ်းနည်းချင်းနာကျင်ချင်းအသဲကွဲချင်းရင်နာချင်းတွေနဲ့စခဲ့ရတော့အချစ်ဆိုတာကိုငါရေရေလည်လည်
နားမလည်ခဲ့ဘူး။ နင့် အပြင်နောက်တစ်ယောက်ထပ်တွေ့ခဲ့ရင် နင့် ကိုမေ့နိုင်ဖို့အတွက်ရှင်းရှင်းပြောရရင်သူ
တို့ငါ့ကိုချစ်တယ်ဆိုတဲ့အချစ်ပေါငါပေါ့ပျက်ပျက်လုပ်ခဲ့မိတယ်။ ငါ့ ကိုသူတို့ချစ်လားလို့မေးလာရင်ငါမပြော
တက်ဘူး။ သူတို့ကပြောတယ်မင်းအချစ်ကိုဘယ်လိုတိုင်းတာတာလည်းတဲ့။ ငါသိတဲ့ငါလူတစ်ယောက်ကိုချစ်
တယ်မချစ်ဘူးဆိုတာကိုငါတိုင်းတာတဲ့နည်းတစ်ခုရှိပါတယ်အဲဒါ နင် ပါ။ နင့် အပေါထားတဲ့စိတ်မျိုး နင့် အပေါ
ခွင့်လွတ်သလိုမျိုး နင့်အပေါသည်းခံသလိုမျိုး နင့်အပေါငါထားတဲ့စိတ်တွေသူတို့အပေါမရှိဘူးမထားနိုင်ဘူးဆို
ရင်ငါသူတို့ကိုမချစ်ဘူး။ ငါအဲလိုနည်းနဲ့လူတစ်ယောက်ကိုချစ်တယ်မချစ်ဘူးတိုင်းတာပါတယ်။ ငါနင့်တစ်
ယောက်တည်းကိုဘဲရှုးရှူးမူးမူးချစ်ဘူးခဲ့တာမို့နင့်လိုနောက်တစ်ယောက်ကိုနင့်လိုမျိုးစိတ်ထားနိုင်တဲ့နေ့ဟာ
ငါသူ့ကိုနင်လိုထပ်တူထပ်မျှချစ်တဲ့သူပါ။ ငါ အဲလိုလည်းတွေနဲ့ငါ့အနားကိုချဉ်းကပ်လာတဲ့သူတွေရဲ့ငါသူတို့
ကိုချစ်မချစ်ဆိုတာကိုတိုင်းတာပါတယ်။ သူတို့ပြောတယ်ငါကရက်စက်တက်တဲ့မိန်းကလေးအသဲနှလုံးမရှိတဲ့
ကောင်မလေးတဲ့။ ငါကျေနပ်ပါတယ် နင့် အတွက်ငါဒီလိုအပြောခံရတာငါ့အတွက်ကျေနပ်တယ်လို့ယူဆလို့
သူတို့ဘယ်လိုဘဲပြောချင်သလိုပြောပါစေငါကျေနပ်ပြီးသားပါ။ငါနင့်ကိုသိပ်ချစ်တယ် ချစ်သူ ငါချစ်သလိုမချစ်
နိုင်ရင်တောင်နင့်ရင်ထဲမှာငါ့ကိုတစ်သက်လုံးလူမသိသူမသိအမြဲသိမ်းထားပေးပါ ဒါဆိုငါကျေနပ်ပါပြီ...။

Nang Hom Thiri

No comments:

Post a Comment