ငါမကောင်းခဲ့တာ မဟုတ်ဘူး ၊ နင့်ရင်ထဲမှာ သူရှိ နေခဲ့လို့ နင်င့ါကို အကောင်းမမြင်နိုင်ခဲ့တာပါ။
Sunday, March 11, 2012
နောက်အုံးအချစ်
ကျမ
မှာ
တာမပြော
ချစ်တယ်လို့
့ကြတယ်ဘာဖြစ်
အကြာကြီးမနေပေးခဲ့ပါ
တွေကသူတွေက ကျမ
သူတို့အပေါသူတို့
ကျမ စိတ်တိုင်း
ကျမ လူတစ်ယောက်ကိုချစ်တယ်မချစ်ဘူးဆိုတာကို ကျမ အသက် ၂၀ မှာခံစားရတဲ့ခံစားချက်တွေနဲ့တိုင်းတာပါတယ်။
ကျမ သူကလွဲရင်ဘယ်သူကိုမှနားလည်မူ့မပေးနိုင်ဘူး အလျှော့မပေးနိုင်ဘူး အချစ်တွေမပေးနိုင်ဘူး။ သူတစ်ယောက်သာ ကျမ ဘ၀အတွက်
အသင့်တော်ဆုံးနဲ့ ကျမ လက်ထပ်သင့်တဲ့ Perfect man လို့ထင်မှတ်ထားခဲ့တယ်။ သူနဲ့ပတ်သက်ပြီးခံစားရတဲ့ခံစားချက်မျိုးဘယ်သူ့ဆီမှ
နောက်တစ်ခေါက်ပြန်မရခဲ့ဘူး။ အခုတော့ ကျမ အသက် ၂၀ ကခံစားချက်တွေနဲ့ထပ်တူထပ်မျှကျလောက်အောင်ခံစားရတဲ့သူတစ်ယောက်
ကိုတွေ့လိုက်ရတယ်။ ကျမ သူနဲ့သွားနေလာနေရတာ စကားတွေပြောနေရတာအရမ်းပျော်ပါတယ်။ သူနဲ့အခုပဲတွေ့ပြီးလမ်းခွဲလိုက်ပေမဲ့
ကျမ သူ့ကိုမတွေ့ရသေးတဲ့သူတစ်ယောက်လိုနောက်တစ်ခေါက်ပြန်တွေ့ဖို့ကိုမျှော်လင့်နေမိတယ်။ တစ်ရက်ထဲ ကျမ ရင်ထဲကိုသူရောက်
လာခဲ့တယ် တစ်ရက်ထဲမှာပဲ ကျမ ပျောက်နေတဲ့ပျော်ရွင်မူ့တွေ လူတစ်ယောက်ကြောင့်မျှော်လင့်ချက်တွေ အနာဂတ်တွေ ပြန်ပြီးရှင်သန်
လာသလိုခံစားလိုက်ရတယ်။ ကျမ သူ့အတွက်ရှိနေပေးချင်တယ် သူ့ ကိုပျော်အောင်လုပ်ပေးချင်တယ် သူ့ ကိုအလျှော့ပေးချင်တယ်
နားလည်ပေးနိုင်တယ် ခွင့်လွတ်ပေးချင်တယ်အစစအရာရာမှာသူ့စိတ်တိုင်းကျ ကျမ နေပေးချင်တဲ့ဆန္ဒတွေတစ်နေ့ထက်တစ်နေ့ပိုပိုကြီး
လာပါတယ်။
ကျမ ဘ၀ရဲ့နောက်ဆုံးချစ်ရမဲ့သူတစ်ယောက်လို့ ကျမ ယုံကြည်နေတယ်။ ကျမ သူ့ကိုယုံကြည်နေတယ်ဒါကလည်း
ကျမ နောက်တစ်ခေါက်ထားသွားတာကိုခံချင်လို့ဖြစ်နေတဲ့လမ်းစလားလို့တော့မသိပေမဲ့ ကျမ သူ့ကိုယုံကြည်နေတယ်။ ကျမ သူ့ကို
ချစ်တယ် အလျှော့ပေးချင်တယ် နားလည်မူ့တွေပေးနိုင်တယ် ခွင့်လွတ်နိုင်တယ်။ အရာရာတိုင်းသူ့သဘောအတိုင်းလိုက်လုပ်ပေးနိုင်
ဖို့ ကျမ ကြိုးစားနေချင်တယ်။ ကျမ ကြောင့်သူ့ကိုစိတ်မညစ်စေချင်ဘူးပျော်စရာတွေကိုပဲဖန်တီးပေးချင်တယ်။ ကျမ ဘ၀ရဲ့အနာဂတ်လို့
ကျမ ယုံကြည်ပြီးနောက်ဆုံးအချစ်တစ်ခုအနေနဲ့ချစ်နေမိပါပြီ။ ဒါပေမဲ့ သူ ကျမ ကိုအရင်လူလိုပဲတစ်နေ့နေ့တစ်ချိန်ချိန်မှာထားသွားအုံး
မှာလားဆိုတာကတော့သူကလွဲပြီးဘယ်သူမှမသိနိုင်ဘူး။ ကျမ ချစ်တဲ့သူ ၂ ယောက်ပဲရှိခဲ့ဘူးပါတယ်ချစ်တဲ့သူ ၂ ယောက်လုံးက ကျမ ကို
ထားသွားတဲ့သူ ၂ ယောက်လုံးမဖြစ်ပါစေနဲ့လို့တော့ဆုတောင်းနေမိပါတယ်..။
တချိန်ချိန်မှာတော့ ကျမသူ့ဘေးနားမှာ ရှိခွင့်ရမှာလား စွန့်လွှတ်ရမှာလားဆိုတာကိုတော့ ကျမကိုယ်တိုင်တောင် မသိတဲ့
မေးခွန်းတွေပါ၊ သေချာတာကတော့ ကျမ သူ့ကိုတကယ်နောက်ဆုံးသောအချစ်တွေနဲ တစ်ကယ်ချစ်ခဲ့တာပါ၊ အခုချိန်မှာတော့ ကျမတို့ရင်ထဲမှာ
Labels:
feeling
Subscribe to:
Post Comments (Atom)
No comments:
Post a Comment